ကုမုဒြာဝိပဿနာ တရားရိပ်သာကြီး (စင်္ကာပူနိုင်ငံ)၏ ဦးစီပဓာန နာယက ရန်ကုန်တိုင်းသံဃနာယကအဖွဲ ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဣဒ္ဓိဗလ္တ (မဟာသဒ္ဓမ္ဓဇောတိကဓဇ) သည် သီတင်းသုံးတော်မူရာရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့ နယ်၊ပရိပတ္တိ၊ပဋိပတ္တိသာသနာပြုမူလဆယ်တောင်ပြည့်ကျောင်းတိုက်အတွင်းဝါဆိုတော်မူကြသောသံဃာတော်အပါး (၇၀)ပါးနှင့် ပင့်သံဃာတော် (၁၈၀)ပါးတို့ အတွက် ကထိန်သင်္ကန်း လှူဒါန်းသည့် မဟာကုသိုလ်တော်ကြီး အလှူမင်္ဂလာ အတွက် ရည်မှန်း၍ မြန်မာနိုင်ငံမှ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ (၃)ပါးနှင့် ပြည့်စုံတော်မူကြသော ဆရာတော်ကြီးများဖြစ်သည့်
၁) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဆရာတော်
ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ
၂) သတ္တမမြောက် တိပိဋကဓရ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ
၃) အဋ္ဌမမြောက် ရွှေရတုတိပိဋကဓရ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
မြင်းမူ ဆရာတော် ဘဒ္ဒန္တဝံသပါလာ လင်္ကာရ
၎) ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ (ဓမ္မဒူတဆရာတော်)
အစရှိသော ဆရာတော်ဘုရားကြီးများ ကိုပင့်ဖိတ်၍ ကုမုဒြာရိပ်သာ (စင်္ကာပူနိုင်ငံ) တွင် မဟာဘုံကထိန်အခမ်းအနားကြီး ကိုစည်းကားသိုက်မြိုက်စွာကျင်းပခဲ့ရာ (LOTUS FOUNDATION) အသင်းသူ အသင်းသားများ လည်း ရန်ကုန်တိုင်းသံဃနာယကအဖွဲ ဥက္ကဌဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလ္တ- မဟာသဒ္ဓမ္ဓဇောတိကဓဇ) ၏ မေတ္တာရိပ်ကို ခိုလှုံ၍ ပါဝင်ကူညီကုသိုလ်တော် ယူခဲ့ကြပါသည်။